Announcement – 01-05-2017

ပရိသတ်များ နှင့် သက်ဆိုင်ရာ လူကြီးမင်းများအား အသိပေး ကြေငြာချက်

ကျနော်တို့ Sunthit.com အဖွဲ့သားများဟာ ဒီ Sunthit.com website ကို ဇန္န၀ါရီလ နောင်းပိုင်း ၂၀၁၇ မှာ စပြီး တည်ဆောက်ခဲ့တာ ဒီ ကြေငြာချက် ထုတ်ပြန်ချိန်မှာ ၄ လ ရှိခဲ့ပါပြီ။ စာဖတ်ပရိသတ်များ အားပေးမှုကို ရရှိခဲ့တဲ့အတွက်လဲ အရမ်းကို ၀မ်းသာအားရ ဖြစ်မိပါတယ်။ ကျနော်တို့ အဖွဲ့သားများဟာ ကျောင်းပြီးစ လူငယ်လေးတွေဖြစ်ကြပြီး ကိုယ်တတ်ထားတဲ့ အတတ်ပညာကို စမ်းသပ်သုံးကြည့်ချင်တဲ့ သဘောနဲ့ ဒီ Sunthit.com ကို တည်ထောင်ခဲ့ပါတယ်။ အမှားများလဲ များစွာပြုလုပ်ခဲ့မှာ အမှန်ပါ။ အဲ့တာကြောင့် ကျနော်တို့ ရေရှည်သွားဖို့ အတွက် Structure အားလုံးကို ပြောင်းဖို့ စီစဉ်ထားပါတယ်။

ပြီးခဲ့တဲ့ ၄ လ ကာလမှာ posts တွေဟာ တခြား သတင်းဌာနကနေ ကူးယူပြီး Credit ပေးထားတာတွေလဲ ရှိတယ်၊ link နဲ့ပြန်ချိတ်ထားတဲ့ ဟာတွေလဲရှိတယ်၊ ကျနော်တို့ ခွင့်ပြုချက်ရလို့ တင်ထားတဲ့ ဟာတွေလဲရှိတယ်၊ ကိုယ်တိုင် social media ကနေ ရှာပြီး ရေးထားတာလေးတွေလဲ ရှိတယ်၊ ဘာသာပြန် ထားတာလေးတွေလဲ ရှိတယ်။

အဖွဲ့သား တစ်ယောက်ခြင်းစီ ပေးထားတဲ့ target တွေကြောင့် posts တစ်ချို့တွေဟာ စီးပွားဖြစ် ပြည်တွင်း သတင်းဌာနစီကနေ target ပြည့်ဖို့ လွယ်လွယ်နဲ့ ကူးယူထားတာတွေကလဲ ဒီနှစ်ရက် စစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။ ဒါကျနော်တို့ဘက်က အားနည်းချက်ဖြစ်ခဲ့ပြီး တစ်ဖက်သား သတင်းဌာန အတွက်လဲ နစ်နာမှုရှိခဲ့စေပါတယ်။ ဒီအတွက် ကျနော်တို့ အဖွဲ့သားအားလုံး အနူးအညွတ် တောင်းပန်ပါတယ်။ ဒီလိုကိစ္စမျိုး နောင်မဖြစ်အောင်လဲ ကျနော်တို့ Management က တာဝန်ယူပြီး လုပ်ဆောင်ပေးသွားပါမယ်။

ဒါ့ကြောင့် ကျနော်တို့ Sunthit.com အတွက် အပြောင်းအလဲလေး လုပ်ပါရစေလို့ ပရိသတ်များ အားလုံးကိုလဲ တောင်းဆိုချင်ပါတယ်။ ပြောင်းလဲတယ် ဆိုပေမယ့် ပရိသတ်များ ပျော်အောင်၊ posts ကို လွယ်လွယ်နဲ့ ဖတ်နိုင်အောင်၊ ဗဟုတုသ ရအောင် ဒီဟာတွေတော့ မပြောင်းလဲပါဘူး။ ဒီနေ့ (1st May 2017) က စပြီး Community၊ Entertainment ပုံစံနဲ့ ပရိသတ်တွေကို ဆက်လက်ပြီး တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

Sunthit.com ဟာ မီဒီယာ မဟုတ်ဘဲ ဖျော်ဖြေရေးနဲ့ Community ၀က်ဆိုဒ်တစ်ခု ဖြစ်ပြီး၊ ကျနော်တို့ content ပိုင်း တာဝန်ယူထားတဲ့ အဖွဲ့သားများ ၅ ယောက်က social media ပေါ်မှာ လူကြည့်များတဲ့ post တွေ၊ အင်တာနက်မှာ ပြန့်နေတဲ့ အကြောင်းအရာတွေ၊ လူကြည့်များတဲ့ youtube၊ facebook ပေါ်က video တွေ၊ ကျနော်တို့ ခွင့်ပြုချက်ရထားတဲ့ post တွေ၊ လူတွေစိတ်ဝင်စားတဲ့ ပြည်တွင်းသတင်း၊ နိုင်ငံတကာ သတင်းတွေ အပါအ၀င် ပရိသတ်များ ရယ်မောစေနိုင်တဲ့ post တွေလဲပါအောင် တင်ပေးသွားမှာဖြစ်ပါတယ်။

ပရိသတ်များ အနေနဲ့လဲ ကျနော်တို့ Terms and Conditions တွေကိုလဲ သိရှိထားပြီးသားလို့ယူဆပါတယ်။ ကျနော်တို့ content အဖွဲ့သား ၅ ယောက်နဲ့ content တွေကို ကြိုးစားပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ DMCA – Copyright Policy လဲ သိရှိနားလည်ပြီးသားလို့ ယူဆပါတယ်။ ဖတ်ထားဖို့လဲ တိုက်သွန်း ပါရစေ။

ပရိသတ်များ အားလုံးကို လေးစားပါတယ်၊ ချစ်ပါတယ်။ ပရိသတ်များ ပျော်အောင်၊ posts တွေ လွယ်လွယ်နဲ့ ဖတ်နိုင်အောင်၊ ဗဟုတုသ ရအောင် ဒါတွေက ကျနော်တို့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။

ဆက်လက် အားပေးကြပါလို့ တောင်းဆို ပါရစေ။

Sunthit.com အဖွဲ့သားများ