ခိုင်နှင်းဝေက အသားလုံးရောဂါကြောင့် ခွဲစိတ်ကုသမှု ခံယူနေ

0
566

သရုပ်ဆောင် ခိုင်နှင်းဝေက ဇူလိုင် ၉ ရက်နံနက်တွင် သွေးလုံး သားလုံး (Myoma) ရောဂါကြောင့် ရွှေဂုံတိုင်အထူး ကုေ ဆးရုံရှိ Women Centre သို့တက်ရောက်ခဲ့ပြီး ခွဲစိတ်မှုခံယူခဲ့ကြောင်း သိရပါတယ်။

“အစ်မ တစ်ခုကံကောင်းတာက သားအိမ်ထဲမှာမဟုတ်ဘူး။ သားအိမ်ထဲမှာဆို တချို့အရမ်းကြီး ရင်သားအိမ်ပါထုတ် ပစ် လိုက်ရတာမျိုးဖြစ်တတ်တယ်။ အထဲမှာခွဲထုတ် လိုက်တော့ အလုံးကြီးကပွားနေတယ်။ အလုံကြီးတစ်လုံးက 7cm ကနေ 9.2 cm ဖြစ်နေတယ်။ အဲဒါအပြင် အလုံးသေးတစ်လုံးရယ် နောက်ရေအိတ်ပါတည်နေတယ်။

အဲဒါတွေအကုန်လုံးကို ခွဲထုတ်ပစ်လိုက်တယ်’’ ဟု သူမက ပြောသည်။ သြဂုတ်လ ၂၀ ရက်နောက်ပိုင်းခွဲဖို့စီစဉ်ထားသော် လည်း ကားရိုက်တွေဝင်လို့ အ ခုမှပဲခွဲထုတ်ဖြစ်လိုက်တယ်လို့ သူမကဆက်ပြောသည်။

ရေအိတ်သည်မကြာခဏပြန် တည်တတ်သဖြင့် ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန်ပြုလုပ်ရန်လို အပ်ကြောင်းနှင့် အနာကျ က်၍ သက်သာပါကဆေးရုံမှဆင်းမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ခိုင်နှင်းဝေသည် တိုက်ဖွိုက်ဖြစ်ပြီး အူအတက်ရောင်ရာက အူအတက်တစ်ကြိမ် ခွဲစိတ်မှုခံယူ ဖူးပြီး ဆေးရုံနှစ်လခန့်တက်ခဲ့ရကာ ယခုခွဲ စိတ်မှုသည် ဒုတိယအကြိမ်ခွဲစိတ်မှုဖြစ်ကြောင်း သိရှိရပါသည်။

———————————

Our Terms and Conditions: Read Here! | Our DMCA – Copyright Policy: Read Here!