တစ်ဦးပုံစံ တစ်ဦးကြည့်ပြီး သရုပ်ဆောင်ကြတဲ့ မြင့်မြတ်နဲ့ ဖွေးဖွေး

0
439

ဇူလိုင်လ ၂၁ ရက်တွင် မြင့်မြတ်နှင့် ဖွေးဖွေးတို့ စိတ်နှင့် ခန္ဓာကိုယ်ချင်းလွဲသွားသူ များအဖြစ် သရုပ်ဆောင်ထားတဲ့ ‘ဘုန်း ကညာနှစ်ပါး’ ရုပ်ရှင် ဇာတ်ကားကို ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့တွင် ‘ဘုန်းကညာနှစ်ပါး’ရုပ်ရှင် ဇာတ်ကား၏ နမူနာဗီဒီယိုဖိုင်ကို အဆိုပါဇာတ်ကားအမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ် တင်ခဲ့ရာ ခုနစ်ရက်အတွင်း ကြည့်ရှုသူ လေးသန်းခွဲ ကျော်ရှိခဲ့ပါတယ်။

ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားတဲ့ မြင့်မြတ် က ‘‘ဇာတ်လမ်းပုံစံအရတော့ ကျွန်တော်က ကျောက်ပန်း တော င်းသား ဖွန်ကြောင်တယ် ပေါ့။ နောက်ပြီး ဖွေးဖွေးနဲ့ ကား ပေါ်မှာတွေ့တော့လည်း တောက် လျှောက်ဖွန်ကြောင်တယ်။ ပြီး တော့ ကားအက်ဆီးဒင့်ဖြစ်ပြီး ဝိညာဉ်ချင်းချိန်းသွားတယ်ပေါ့’’ဟု ပြောသည်။

စိတ်နှင့် ခန္ဓာလွဲသွားသည့်ပုံစံ သရုပ်ဆောင်ရခြင်းဖြစ်သောကြောင့် တစ်ယောက်သရုပ် ဆောင်သည့်အချိန်တွင် တစ်ေ ယာက်ကကြည့်ထားပြီး တစ်ယောက်နှင့်တစ်ယောက် ညှိနှိုင်းပြီး ရိုက်ကူးခဲ့ကြောင်း ဖွေးဖွေးက ပြောသည်။

‘‘ကိုမြင့်မြတ်ပရိသတ်တွေ ကလည်း အများကြီး၊ ကိုယ်ကိုယ်တိုင်ကတော့ ကိုမြင့်မြတ် ပရိသတ်ဆိုတော့ စမ်းကြည့် ချင် တယ်။ နည်းနည်းတော့ အန္တရာယ်များတယ်။ မိန်းကလေးအနေနဲ့တွေးမယ်ဆိုရင်တော့ ပုဆိုးကြီးကွင်းသိုင်းရတာက သရုပ်ပျက်တာ ပေါ့။ ဒါပေမဲ့ ကာရိုက်တာအရဆိုရင်တော့ သရုပ်မပျက်ဘူး။

မိန်း ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ယောက်ျားလေးရောက်လာရင်ဖြစ်မယ့် အက်တင်တွေပဲ ဖွေး လုပ်ထားပါ တယ်’’ဟု ယင်းဇာတ် ကားနှင့်ပတ်သက်၍ ဖွေးဖွေးက ဆက်ပြောသည်။

အဆိုပါ ဇာတ်ကားနှင့် ပတ်သက်ပြီး အားပေးသူများပြားခဲ့သလို ဇာတ်ဝင်ခန်းအချို့နှင့်ပတ်သက်ပြီး ဝေဖန်မှုများလည်း ရှိခဲ့တယ်လို့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပြောပါတယ်။

‘‘လူတစ်ကိုယ်စိတ်တစ်မျိုးဆိုတော့ သူတို့လည်း သူတို့မြင်တဲ့ဘက်ကနေပြောတာ။ ဦးတို့ကလည်း ရည်ရွယ်ပြီးရိုက်ကူး တာ မဟုတ်ဘူး’’ဟု ၎င်းကပြောသည်။

———————————

Our Terms and Conditions: Read Here! | Our DMCA – Copyright Policy: Read Here!