လူငယ်အနုပညာရှင်တွေနဲ့ ရိုက်ကူးရတဲ့အတွေ့ကြုံပြောပြတဲ့ ဖြိုးငွေစိုး

0
403

သရုပ်ဆောင် ဖြိုးငွေစိုးဟာ ယခုလက်ရှိတွင် ပြင်ဦးလွင်မှာ Arkar Production က ရိုက်ကူးသော ဒုတိယမြောက် ဇာတ် ကားဖြစ်သည့် “ ကြိုးဖုန်း” ဆိုတဲ့ ဇာတ်ကားကို လူငယ်ပညာရှင်များနှင့် ရိုက်ကူးနေကြောင်း သိရသည်။

ဇာတ်ကားစတင်ကမ်းလှမ်း ခံရချိန်တွင် လူငယ်ပညာရှင်များ ဖြစ်နေခြင်းကြောင့် စိတ်ထဲတွင် ဘ၀င်မကျဖြစ်သော်လည်း လက်တွေ့ရိုက်ကူးချိန်၌ အစစအရာရာအဆင်ပြေပြီး တကယ်တတ်ကျွမ်းသည့်လူငယ်များနှင့် လက်တွဲရိုက်ကူးရခြင်းဖြစ် သည်ဟု ဖြိုးငွေစိုး ကပြောသည်။

“ ဒီ ကြိုးဖုန်း ဇာတ်ကားက သရဲကားပါ။ သူ့ရဲ့ရိုက်ကူးရေးပုံစံစနစ်ကို သဘောကျတယ်၊ အစ်ကို ရယ်၊ မအူဝဲရယ်။ နောက် ထပ် အသစ်နှစ်ယောက်ပါဦးမယ်။ ဒါရိုက်တာက အာကာပါ။ ကာရိုက်တာ ကတော့ လူငယ်ကာရိုက်တာပါပဲ’’ ဟု၎င်းက ဆက်ပြောသည်။

မင်းသမီး အိန္ဒြာကျော်ဇင်နှင့် ဇာတ်ကားမရိုက်ကူးဖြစ်သည်မှာ သုံးနှစ်နီးပါးရှိပြီး ယခုမှ ကားရိုက် ပြန်ဆုံခြင်းဖြစ်ကြော င်းပြောသည်။

‘‘အ၀တ်အစားကအစ သူတို့အားလုံးစီစဉ်ပေးတယ်။ ကိုယ်တို့ ဘာမှလုပ်စရာမလိုဘူး။ မနေ့ကဆို ကြမ်းတဲ့အခန်းတွေ ရိုက်တာတွေပါတယ်။ ဒါပေမဲ့ လူကို အန္တရာယ်မဖြစ်အောင် အားလုံးသေချာပြင်ဆင်ပေးကြတယ်။ အကုန်လုံးမိုက်တယ်။

တစ်ရက်ကို နှစ်ခန်း၊ သုံးခန်းလောက်ပဲ ရိုက်ချင်ရိုက်တယ်။ မရိုက်ခင်ကတည်းကလည်း ခဏခဏတွေ့ပြီး ညှိနှိုင်းထားကြ တယ်။ အရမ်းမိုက်တယ်။ အရမ်းကြိုက်တယ်။ ကိုယ် ကတော့ ရိုက်ရတာတော်တော်သဘောကျတယ်’’ဟု ဆိုသည်။

အဆိုပါဇာတ်လမ်းအရ တစ်အိမ်တည်းတွင် စုနေရတဲ့ သူငယ်ချင်းများဖြစ်ပြီး ရိုက်ကူးရသည်မှာ ပျော်စရာကောင်းတယ်လို့ ၎င်းက ပြောသည်။

ပြင်ဦးလွင်ရှုတင်တွင် ၂ နှစ်နှင့် ခုနစ်လရှိပြီဖြစ်တဲ့ ၎င်း၏ သားလေး ဂုဏ်ပြည့် စုံဖြိုးသည်လည်းပါလာသောကြောင့် ဇာတ် ကားရိုက်ကူးမှုနားသည့်နေ့၌ မိသားစုလိုက် လျှောက်လည်ဖြစ် ကြောင်း ပြောသည်။

‘‘သားက သူ့အမေနဲ့လိုက် လာတယ်။ ကိုယ်ရှုတင်အားရင် အလည်အပတ်လိုက်ပို့ပေးဖြစ် တယ်။ အခုလောလောဆယ် တော့ ကန်တော်ကြီးပဲ ရောက် သေးတယ်။ နောက်ရက်တွေ အချိန်ရဦးမယ်ဆိုရင် လိုက်ပို့ပေး ချင်သေးတယ်’’ဟု ဆို သည်။

အနုပညာသက်တမ်း ၁၅ နှစ်ရှိပြီဖြစ်သည့် ဖြိုးငွေစိုးက ရုပ်ရှင်ကားကြီး ၂၀ နှင့် ဗီဒီယိုကား ၁၀၀ ကျော် ရိုက်ကူး ထားေ ကြာင်းပြောသည်။

———————————

Our Terms and Conditions: Read Here! | Our DMCA – Copyright Policy: Read Here!