အဆိုတော် ထူးအယ်လင်းနှင့် ကော်ဘရာအမှုမှ စစ်ဆေးလာမည့်ရုံးချိန်းကြားဖြတ်အမိန့်ချမည်

0
904

ရန်ကုန်ရဲအက် ၃၀ (က) ဖြင့် အမှုဖွင့်ခံရပြီးနောက် ဒဂုံမြို့နယ်တရားရုံးတွင် ရာကြီးအမှုအမှတ် ၁၀၆/၂၀၁၇ ဖြင့် တရား ရင်ဆိုင်နေရသည့် အဆိုတော် ထူးအယ်လင်းနှင့် ကော်ဘရာတို့အမှုမှ တရားလို ဒဂုံမြို့မရဲစခန်းမှ ရဲအုပ်ပီတာေ အာင်ကို ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁ နာရီကျော်တွင် စတင်စစ်ဆေးခဲ့သည်။

တရားခွင်တွင် တရားလိုရဲအုပ်အား စစ်ဆေးရာ ဇွန် ၂၂ ရက် ည ၉ နာရီခန့်က ဦးဝိစာရလမ်းနှင့် ရွှေတိဂုံဘုရား လမ်းေ ထာင့်၌ အဆိုတော်နှစ်ဦး မူးရစ်ရမ်းကားမှု အခင်းဖြစ်အခြေအနေများ ကားခေါင်းခန်းထိုင်ခုံနှစ်ခုကြား ရဲတင်းတစ် လက်ေ တွ့ရှိခြင်းနှင့် ပတ်သက်၍ ထူးအယ်လင်းအားမေးမြန်းရာမည်သည့်အကြောင်းကြောင့်သယ်ဆောင် လာသည်ကိုခိုင်လုံ စွာပြောပြနိုင်ခြင်း မရှိကြောင်း ထွက်ဆိုခဲ့သည်။

အဆိုတော်နှစ်ဦးလက်မှတ် ရေးထိုးမထားသည့် ရှာဖွေပုံစံအား သက်သေခံ တင်သွင်းမှုနှင့်ပတ်သက်၍ လက် သင့်ခံရန် သင့်မသင့် ဆုံးဖြတ်နိုင်ရန် ကြားဖြတ်အမိန့်တစ်ရပ်ကိုဇူလိုင်၂၈ရက် တွင်ချမှတ် မည်ဖြစ်ကြောင်း ဒဂုံမြို့နယ်တရားသူကြီး ကပြန်လည်ချိန်းဆိုခဲ့သည်။

သတင်း-ဓာတ်ပုံ-တင့်ဇော်ထွန်း
စံတော်ချိန်

———————————

Our Terms and Conditions: Read Here! | Our DMCA – Copyright Policy: Read Here!