ဆီးကျောက် ကျေဆေးနည်း

0
1883

သမားတော်ကြီး ဦးဝင်းမောင်၏ ဆီးကျောက်ကျေဆေးနည်း ဒီကနေ့အဘ ပြောပြချင် တဲ့ဆေးနည်းလေးကတော့ လူတိုင်း တမေးထဲမေးနေ ကြတဲ့ ဆီးကျောက်တည် လို့ ဆီးအတွက် ဒုက္ခများနေကြတဲ့ ဝေဒ ရှင်များအတွက် ဒီနေရာ တဆင့် အားလုံးဖြေကြား ပေးလိုက်ပါရစေ..

အဘရဲ့ ဆေးဆောင်းပါး တွေကို ဖတ်ရူ့ ပြီး မေးလာကြတဲ့ သူများကို CB ကတဆင့်ဖြေကြား ပေးရင်မပြည့်မစုံမှာစိုးလို့ မေးသူတဦးသာမက အားလုံးသိရှိစေရန်ရည် ရွယ်ပါတယ်ကွယ်…

တကယ့်တော့ အဘတို့ မြန်မာ့လူဘောင်မှာ ဆိုရိုးစကားရှိရဲမဟုတ်လား “ယောက်ကျားမှာ ဆီး မိန်မမှာမီး ” ရှေ့ သ မားတော်ကြီး များက ” ပညာသေ ရွာ မယူသွားစတမ်း” ဆိုတဲ့ထုံး နှလုံးမူလို့ ဆေးနည်းများစွာ လက်ကမ်းလို့ ထားခဲ့ ကြတယ်။

ဆီးဆေးဆိုတာ အမျိုးမျိုး ရှိသည်အနက် လူသိများ ကြတာကတော့…. ၁။သံမနိုင် ကျောက်မနိုင် ၂။ကြက်သွန်နှင့် အသုံးပြု နည်း… ၃။သံပု ရာသီး အသုံးပြု နည်း စသည့်ဖြင့် လူသိ များသောဆေးနည်တွေ ပါပဲ…

အေး… အဘကတော့ တကယ့် ရွှေနန်းသုံးဆေးတော်ကြီး တမယ်ကို ငွေကုန်ကြေးကြ သက်သာစွာနဲ့ ဝေဒနာ သက် သာစေဖို့ ဆေးနည်းတသွယ် ရေး ပေးလိုက်ပါတယ်… ဆေးနည်းကတော့… ကြက်ဆူ{၂}မျိုးရှိတယ်။

ပိုရှင်းအောင်ပြောရ င် တမျိုးကတော့ လောင်စာကြက်ဆူ ခြံစည်းရိုးကြက်ဆူ လို့ခေါ်ကြတဲ့ ကြက်ဆူမ ဟုတ်ဘူး.. (အဲဒီ ကြက်ဆူက စားရင် အော့အံနိုင်ပါတယ် မမှားပါစေနဲ့) ပုံပြထားသော အရိုးနီ ကြက်ဆူကိုသာ ဆေးအဖြစ်သုံးပြုနိုင်ကြပါ တယ်။

အသုံးပြုပုံ

ကြက်ဆူရွက်ကို ရေနွေး ဖျော်ပြီး ဓားဖြင့်ဖြင့်ပါးပါး ရိတ်ရိတ်လှီးညှပ်၍ မြေပဲ ဆံ နှမ်း ပဲမှုန့် ကြက်သွန်
ဖြူ / နီကျော်တို့ဖြင့် သုတ်စားပေးပါ။

အဓိကအားဖြင့် ကြက်ဆူ ရွှက်ကို မ် ားမ် ားသုတ္စား ပေးဖို့သာလိုရင်းပါ။ မည်သို့စားစား ရပါတယ်။ မိမိသုတ်စားပြီး ၂၄နာရီ အတွင်း ကျောက်များ ကြေပျက်သွားသည်ကို လက်တွေ့စားကြည်က သိပေလိမ့်မည်…

၎င်းဆေးစားပြီးဆီးသွားပါ ကဆီကို အိုးခွက်တခုခုဖြင့် ခံယူထားပြီး ကြည့်ပါက ဆီးကျောက်များ ကြေ ပျက်သွားသည်ကို တွေ့မြင်ရပါလိမ့်မည်။

လူအတော့များ များကတော့ ဝမ်းနှတ်ဆေးကိုသာ လူသိများကြပြီ. ဆီးနှတ်ဆေး ဆီးသန့်စင် ဆေးကို သိပ်မသိကြပါ. အဲ့ဒါကြောင့် အဘ ဖေါ်ပြပေး လိုက်တာပါ။

###မှတ်ချက်….. ဥပမာ…ယနေ့ ၄ နာရီမှာ စားရင်… နောက်တနေ့ ၄ နာရီ မှာ ကျောက်ကြွေ သွားတာတွေ့ ရပါလိမ့်မယ်။

Credit တိုင်းရင်သမားတော်ကြီးအဘ..ဦးဝင်းမောင်

———————————

Our Terms and Conditions: Read Here! | Our DMCA – Copyright Policy: Read Here!