ရေသန့်ဘူးဝယ်တဲ့အခါ ဒါတွေကို အထူးသတိထား ရွေးချယ်ဝယ်ယူပါ

0
1422

ရေသန့်ဘူးတွေ တံဆိပ်ပေါင်းစုံ နဲ့ လွယ်လွယ်ကူကူ ဝယ်ယူလို့ရနေတော့ သတိမထားဘဲ ဒီလိုပဲ သောက်သုံးနေကြ တဲ့ သူတွေ ဒုနဲ့ဒေးပါပဲ ။ သို့သော်လည်း ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ဒီရေသန့်ဘူးတွေဟာ အမှန်တကယ်ရော စိတ်ချမှု ရှိ ရဲ့လား ၊ အဆိပ်အတောက်ဖြစ်စေနိုင်လားဆိုတာကို ဂရုမပြုမိကြပါဘူး ။

ရေသန့်ဝယ်တဲ့အခါ ဘူးရဲ့ အောက်ပိုင်းကို သေချာကြည့်ကြည့်ပါ ။PP , HDPE ,HDP , PET စသဖြင့် စကားလုံးလေးေ တွ ပါတာကို မြင်တွေ့ရမှာပါ ။ ဒီစာလုံးလေးတွေဟာ သုံးထားတဲ့ ပလပ်စတစ်မှာ အဆိပ်အတောက်တွေ ပါတယ် ၊ မပါ ဘူးဆိုတာကို ဖော်ပြနေတာပါ ။

PETE (သို့) PET

ဒီစာလုံးပါရင်တော့ သတိထားပါ ။ ဟော်မုန်းတွေကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေနဲ့ သတ္တုတွေ ပလ ပ်စတစ်ဘူးမှာ ပါဝင်နေပါတယ်။

HDPE (သို့) HDP

ဒီစာလုံးပါတဲ့ ရေသန့်ဘူးဆိုရင်တော့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ် ။ ဓါတုများ မထုတ်ပေးနိုင်တဲ့ ပလပ်စတ စ်ကို သုံးထားတာပဲ ဖြစ်ပါတယ် ။

PVC (သို့) 3V

ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းlevel ကို ရပ်တန့်သွားစေနိုင်တာကြောင့် လုံးဝမသောက်သင့်တဲ့ ရေဘူးပါ ။

LDPE

ဒါကတော့ ပလပ်စတစ်အိတ် အမျိုးအစားကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ဘူးပါ ။ သောက်သုံးလျှင် အဆိပ်အတောက် မဖြစ်စေနိုင်သော်လည်း ဘူးအဖြစ် မထုတ်လုပ်သင့်တဲ့ ပလပ်စတစ်အမျိုးအစားပါ။

PP

ဒိန်ချဉ်ဘူးကဲ့သို့ ဘူးတွေမှာ သုံးတဲ့ အဖြူရောင် ပလပ်စတစ် အမျိုးအစားဖြစ်ပါတယ် ။

PS

သတိထားပါ။ ဒီစာလုံးပါတဲ့ ပလပ်စတစ်ဘူးဟာ carcinogen လို့ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာကို ထုတ်လွ တ်ပေးပါတယ်။

ဘာမှမပါသော ရေသန့်ဘူး

အထက်ဖော်ပြပါ စာလုံးတွေ တစ်ခုမှမပါသော ရေသန့်ဘူးတွေကတော့ BPA လို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုးကို ထုတ် လွတ်ပေးပြီး အန္တရာယ်အရှိဆုံး ပလပ်စတစ်ဘူးတွေပါပဲ ။ အားကစားသမားများ သုံးစွဲတဲ့ ရေသန့်ဘူး နှင့် အစားအသော က် ထည့်တဲ့ ပလပ်စတစ်ဘူးတွေဟာ အများအားဖြင့် တံဆိပ်မပါကြပါဘူး။

ဒါ့ကြောင့် ရေဘူးဝယ်တဲ့အခါ ဖော်ပြပါ စာလုံးတွေ ကို သေချာကြည့်ပြီး ရွေးချယ်ဝယ်ယူကြဖို့ လိုပါတယ် ။ ကျန်းမာေ သာဘဝကို ရရှိကြပါစေ…..

CHAN (ရွှေအင်းလေး)

———————————

Our Terms and Conditions: Read Here! | Our DMCA – Copyright Policy: Read Here!