ဓားနဲ့ထိုးသတ်ပြီး ကိုယ်တိုင်လည်းတိုက်ပေါ်ခုန်ချသတ်သေခဲ့တဲ့ အမျိုးသား

0
1102

ယနေ့မနက် ၇ နာရီခန့်တွင် ရန်ကုန်မြို့စောရန်ပိုင်ရပ်ကွက် ကြည်မြင့်တိုင်အထက်လမ်း ၆ လွာခေါင်းရင်းခန်းမှာနေထိုင်တဲ့ ဖက်ရှင်ဒီဇိုင်နာထွန်းထွန်းကို အမျိုးသားတစ်ဦးက ဓားနဲ့ထိုးသတ်ပြီး ထိုးသတ်သူ ကိုယ်တိုင်ခုန်ချသတ်သေတဲ့ ဖြစ်ရပ်တစ် ခု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

“ကျွန်တော်တို့ရောက်သွားတော့ ဒီဇိုင်နာက သွေးအိုင်ထဲမှာ ထိုးသွင်းဒဏ်ရာတွေနဲ့အသက်မရှိတော့ဘူး ခုန်ချတဲ့ကော င်လေးက လည်းဒဏ်ရာနဲ့ ခုဆေးရုံအရေပေါ်မှာ ပို့ထားတယ် နေတာက ကိုထွန်းထွန်းတစ်ယောက်ထဲနေတာပါ” ဟု အခန်းနီးနားကနေထိုင်သူတွေက ပြောပြပါတယ်။

ကောင်လေးက ကြောက်ပြီးခုန်ချတော့ ခေါင်းနဲ့ကြမ်းပြင်ရီုက်မိပြီး သတိမေ့သွားတာ ခုတော့သူတို့အလောင်းတွေကို ဆေးရုံပို့ထားပြီပြောတယ် အရင်ကဒါမျိုးသည်ဘက်မှာ မကြားဖူးပါဘူး လို့၎င်းဆက်ပြောပါတယ်။

ဒီဇိုင်နာ ကိုထွန်းထွန်းရဲ့အခန်းကိုသော့ပိတ်ထားပေမယ့် တိုက်ခန်းတံခါးဝမှာသွေးကွက်တွေကို တွေ့ခဲ့ရပြီး ခုန်ချခဲ့ တဲ့ အမျိုးသား ရရှိခဲ့တဲ့နေရာမှာ သွေးကွက်တွေကို သည်တိုင်းကျန်ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ဒီဇီုင်နာ ကိုထွန်းထွန်းဟာ အဲ့သည့်တိုက်မှာနေထိုင်တာ ၅နှစ်ရှိပြီး မင်းသားမင်းသမီးတွေက သူ့ဆီမှာ အဝတ်ချုပ်ကြတယ် လို့ သိရပါတယ်။

ဒီဇိုင်နာ ထွန်းထွန်းဟာ အသက်၄၁နှစ်အရွယ်ဖြစ်ပြီး သူ့ကိုသတ်တဲ့အမ်ျိုးသားကတော့ အသက်၂၅နှစ်အရွယ်ရှိပြီး ယင်းကိစ္စကို အလုံရဲစခန်းမှာ အမှု့ဖွင့်ထားပြီး ဘာကြောင့် သတ်ရတယ်ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။

———————————

Our Terms and Conditions: Read Here! | Our DMCA – Copyright Policy: Read Here!