အဆိပ်ရှိဖားဥများ စားမိ၍ အစာအဆိပ်သင့်ပြီး ၂ ဦးသေဆုံး

1
335

ဇူလိုင်လ ၁၅ ရက်နေ့ မနက်တွင် မွန်ပြည်နယ်ရေးမြို့နယ် ကျောက်မိချောင်း ကျေးရွာအုပ်စု ၀ယ်ဇင်ကျေးရွာမှာ ရာဘာ ခြံလုပ်သား ၄ ဦးက ဖားဥတွေစားမိရာကနေ ၂ ဦးသေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရာဘာခြံပိုင်ရှင် ဦးထွန်းဦးရဲ့ သားဖြစ်သူက ဦးဝင်းဦးနဲ့အတူ အဘော်ကျေးရွာနေ ခြံလုပ်သားတွေ ဖြစ်ကြတဲ့ေ ဇ်ာမင်းထက်၊ စိုက်ချမ်း၊ မောင်မြင့်လေးနဲ့ အောင်ကျော်ဌေးတို့နှင့် ဖားလိုက်လံရှာရာမှ အမျိုးအမည်မသိ ကျောကုန်း အ ဖုအထစ်တွေပါရှိပြီး အလေးချိန် ၈၀ ကျပ်သားလောက်ရှိတဲ့ ဖား ၂ ကောင်အနက် ဥပါတဲ့ ဖားကို မီးကင်ချက်ပြုတ်စားပြီးေ နာက် အော့အန်ကာ ရေးဆေးရုံကို ပို့ဆောင်နေစဉ်လမ်းမှာ ဝင်းဦးက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇော်မင်းထက်မှာလည်း ရေးဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စိုက်ချမ်းနဲ့ မောင်မြင့်လေးတို့ကတော့ စိုးရိမ်ရပြီး အတွင်းလူနာအဖြစ် ဆေးကုသခံယူနေရတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၂ ဦးမှာ ဆရာဝန်တွေရဲ့ဆေးစစ်တွေ့ရှိချက်အရ အဆိပ်ရှိဖားအား စားမိလို့ အစာအဆိပ်သင့်ကာ သေဆုံး တာဖြစ်ကြောင်း ဆေးရုံအုပ် ဒေါက်တာ မေစန်းချိုက အတည်ပြုပြောကြားပါတယ်။

———————————

Our Terms and Conditions: Read Here! | Our DMCA – Copyright Policy: Read Here!