ပေးကမ်းစွန့်ကြဲမှုများဖြင့် နာမည်ကြီးသော စိုးလျှပ်စစ် ဥက္ကဌ ဦးစိုးတင့် ကွယ်လွန်

0
1097

ပျဉ်းမနားမြို့မှ စိုးလျှပ်စစ်ဥက္ကဌ ဦးစိုးတင့်သည် ယနေ့ ဇူလိုင်လ၊ ၁၆ ရက်နေ့၊ နံနက် ၁၀နာရီ၊ ၁၀ မိနစ်တွင် ကွယ်လွန် သွားပြီဟု အွန်လိုင်းသတင်းများတွင် အခိုင်အမာရေးသားကြသည်။

သူသည် ဆင်းရဲမွဲတေသူများကို ရက်ရက်ရောရော ပေးကမ်းမှုများ ပြုလုပ်ခဲ့ပြီး။ တစ်နိုင်ငံလုံး လူသိများသူလည်းဖြ စ်သ ည်။

သောက်သုံးရေမရှိသော ကျေးလက်ရွာများတွင်း စက်ရေတွင်းများ တူးလှူခြင်း၊ ပျဉ်းမနားတစ်မြို့နယ်လုံးနှင့် အခြားနေရာ များတွင်ပါ လိုအပ်သည်များကို သိန်းထောင်၊ သောင်းပေါင်းများစွာ ကုန်ကျခံလှူဒါန်းခြင်း၊ အထပ်မြင့် စာသင်ကျောင်းေ ဆာင်ကြီးများ ဆောက်လုပ်လှူဒါန်းခြင်း၊ သူ့ထက် အသက်အရွယ်ကြီးသူ ငယ်ဆရာများကို ပူဇော်ကန်တော့ပွဲများပြုလု ပ်ခြင်း၊ ဇီဝိတဒါနာဆေးရုံများကို လှူဒါန်းခြင်း၊ ဘိုးဘွားရိပ်သာများဆောက်လုပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

ပျဉ်းမနားမြို့ရှိ လက်လုပ်လက်စား ဆိုက်ကားသမား ဦးရေ ၁၀၀၀ ခန့်အား တစ်ဦးလျှင် တစ်သိန်းစီ လှူဒါန်းခြင်း၊ လမ်းေ ဘးဈေးသည် ဦးရေ ရာပေါင်းများစွာအား တစ်ဦးလျှင် တစ်သိန်းစီ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခြင်း၊ ပျဉ်းမနားမြို့ပေါ်ရှိ ဓမ္မာရုံ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း အစရှိသော အမှန်တကယ် လိုအပ်သော နေရာများကို ရက်ရက်ရောရော လှူ ဒါန်းခဲ့သည်။

Facebook သုံးစွဲသူများစွာကလည်း ကောင်းရာသုဂတိ ရောက်ရှိပါစေ စသည်ဖြင့် ဆုတောင်းမှုများ ပြုလုပ်ပေးကြ သ ည်။

ဦးဗိတ် အကောင့်ပိုင်ရှင် Facebook သုံးစွဲသူတစ်ဦးက ”ပျဉ်းမနားတစ်​မြို့လုံး သာဓု​ခေါ်သံ​တွေဖုံးလွှမ်း​လောက်​​အောင်​. . . သြချရ​လောက်​​အောင်​…. လှူနိုင်​တဲ့  ဥက္ကဌကြီး ဦးစိုးတင့်​ (စိုးလျှပ်​စစ်​) ယနေ့ 16.7.2017 နံနက်(၁၀:၁၀) နာရီအ ချိန်က ကွယ်​လွန်​သွားပြီ 😪 ပျဉ်းမနားဝန်းကျင်က လက်လုပ်လက်စား လူတန်းစားများအတွက် ကြီးမားသောဆုံးရှုံးမှုပါ ” ဟု ရေးသား ထားသည်။

သူသည် သာမန်ပရဟိတသမား တစ်ဦးသက်သက်မဟုတ်ပဲ အမှန်တကယ်လိုအပ်သောနေရာများကို သေချာလေ့လာ စာရင်းကောက်ကာ မကျန်းမာသော်လည်း ကိုယ်တိုင်လက်ဖြင့် သဟတ္ထိက၊ ကာလဒါနဖြစ်အောင် စေတနာသုံးတန်ပြ ဌာန်းကာ လှူဒါန်းသူဖြစ်သည်။ ခေတ်သစ် ဝေဿန္တာရာဟုပင် အချို့က တင်စားကြသည်။

Credit – PannPwint

———————————

Our Terms and Conditions: Read Here! | Our DMCA – Copyright Policy: Read Here!