၅ နှစ်သမီးလေးကို နေအိမ်မှ ခိုးယူပြီး သားမယားပြုကျင့် ပစ္စည်းဖြုတ်ယူသူ ဖမ်းမိ

1
4826

ဇင်း ရဲကင်းစခန်းမှူး ရဲအုပ်ဘိုဘိုနိုင်နှင့်အဖွဲ့ သက်ငယ်မုဒိမ်းကောင်ဖမ်းမိ ဟုသတင်းရရှိသည်။

13-7-2017 ရက်နေ့2145 နာရီခန့်အချိန် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ဟင်သော်ကျေးရွာနေ မ——(၅)နှစ်သမီးအား ကောလင်းမြို့နယ် တောင်ပုံကျေးရွာနေ မင်းမင်း(ခ)အေးမင်းဦးက နေအိမ်မှ ခိုးယူ၊ သား မယားအဖြစ်ပြုကျင့်၊ နားကွင်း တစ်ရံပါဖြုတ်ယူ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ယင်းတရားခံ မင်းမင်းကို ဖမ်းဆီးရမိရေး ဇင်းရဲကင်းစခန်းမှူး ရဲအုပ်ဘိုဘိုနိုင်နှင့်အဖွဲ့ တောနင်းရှာဖွေခဲ့ရာ 14-7-2017 ရက်နေ့ 1030 နာရီခန့် အုန်းခြောက်လုံး တောတိုက်တွင် သက်သေခံ နားကွင်းတစ်ရံနှင့်အတူ တရားခံမင်းမင်းအား ဖမ်းဆီးရမိခဲ့သည်။

ကန့်ဘလူမြို့မ ရဲစခန်းသို့ (ပ)၁၆၇/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၉၂ တို့ဖြင့် အရေးယူထားကြောင်း သိရပါသည်။

( ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ပါစေ )

Myint Win
Via – Pho Nyan
16.7.2017

———————————

Our Terms and Conditions: Read Here! | Our DMCA – Copyright Policy: Read Here!